News

ဖြန့်ချိမှုများ

WordPress ၃.၈

ဖြန့်ချိမှုများ

  • WordPress ၃.၈

    ၂၀၁၃ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာလအတွင်းမှာပဲ WordPress ဘာသာပြန် ၃.၆ ၊ ၃.ရ ကို တစ်လအတွင်း ဆက်တိုက် ထုတ်ပေးဖြစ်ခဲ့ပါတယ်။ ၃.ရ ထုတ်ပေးပြီးလို့ မကြာခင်မှာပဲ ၃.ဂ ဟာ ပြောင်းလဲမှု များစွာနဲ့အတူ ထပ်မံ ထွက်ရှိလာပါတယ်။ ဒါနဲ့ ၃.ဂ ကိုလည်း ၃.ရ ထုတ်ပေးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပြီးစီးအောင် လုပ်ခဲ့တယ်။ ထုတ်ပေးဖို့ကိုတော့ အမှတ်တရဖြစ်အောင် ဒီလအတွင်းမှာ ကျရောက်မယ့် ခရစ္စမတ်နေ့နဲ့ နှစ်သစ်ကူးနေ့တွေအပြင် 2013 SEA GAMES ပိတ်ပွဲကိုပါ ထည့်သွင်း စဉ်းစားခဲ့ပြီး ယနေ့ကျရောက်တဲ့ 2013 SEA GAMES ပိတ်ပွဲကို ရွေးချယ်ခဲ့တယ်။ Charlie Parker ကို အစွဲပြုပြီး Parker လို့ အမည်ပေးထားတဲ့ WordPress…

    Read Post

  • WP 3.4.2

    WordPress ကို ၃.၄ ထွက်ထွက်ခြင်းမှာ ထုတ်မပေးနိုင်ခဲ့ပါဘူး။ ဘာသာပြန်တာ အပြီးမသတ်သေးတာကြောင့်ရော။ ပလပ်အင်တစ်ခု ရေးနေတာ မပြီးသေးတာကြောင့်ရော မထုတ်ပေးခဲ့တာပါ။ ခုတော့ ayar-web-kit ဗားရှင်း ၁.ဝ ဟာ ပြီးလုပြီးခင် အခြေအနေကို ရောက်လာပြီဖြစ်တာကြောင့်ရော၊ ဘာသာပြန်တာကို ဒီနေ့ပဲ ပြီးအောင် ပြန်နိုင်ခဲ့တာရော၊ ထုတ်ပေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ချက်က ထုတ်ပေးဖြစ်တဲ့ အဓိက အချက်မဟုတ်သေးပါဘူး။ တကယ်တော့ ayar-web-kit နဲ့��ာ တူတူထုတ်ဖို့ စဉ်းစားခဲ့တာပါ။ ခု ထုတ်ပေးလိုက်ဖြစ်တာကတော့ ဒီကနေ့ဟာ ခု WordPress ဘာသာပြန်တဲ့နေရာမှာသုံးထားတဲ့ ဧရာ ယူနီကုဒ်ကို ထုတ်ဝေခဲ့တာ ၃ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်လို့ ဧရာ အုပ်စုက ပြောလာတဲ့အတွက် အမှတ်တရ အနေနဲ့ WP 3.4.2 ကို ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ayar-web-kit…

    Read Post

  • ၃.၂

    WordPress ၃.၂ ကို ဒီနေ့မနက်ပဲ ထုတ်ပေးလိုက်ပါတယ်။ ပြင်ဆင်စရာတွေများတာက တစ်ကြောင်း။ အမှားမပါအောင် သေချာ စစ်ဆေးချင်သေးတာ တစ်ကြောင်းကြောင့် မူရင်း အင်္ဂလိပ် ဗားရှင်းထွက်ပြီး ချင်းချင်း မထွက်ပေးနိုင်ခဲ့ပါဘူး။ တစ်ရက်နောက်ကျပြီးမှ ထွက်ပေးနိုင်ခဲ့ပါတယ်။ အခု ၃.၂ မှာ အရင် Glotpress မှာ အခြားသူတွေဘာသာပြန်ထားတာကို ယူသုံးထားတဲ့ ဘာသာပြန်တွေထဲက အမှားတော်တော်များများကိုရော ကျွန်တော် ဘာသာပြန်ပြီး သိပ်အဆင်မပြေဘူးထင်တာတွေကိုရော တတ်နိုင်သမျှ ပြန်လည် ပြင်ဆင်ပေးထားပါတယ်။ အခု အခါမှာ ၉၅% ကျော်တော့ အဆင်ပြေကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်ပြီလို့ ထင်ပါတယ်။ နောက် ၃.၃ ဒါမှမဟုတ် ၃.၄ မှာ တည်ငြိမ်တဲ့ ဗားရှင်း တစ်ခုကို ထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ WordPress ဘာသာပြန်တာ တည်ငြိမ်သွားပြီဆိုတာနဲ့…

    Read Post

  • ၃.၁.၄

    ၃.၁.၄ ကို ဒီနေ့ဖြန့်ချိပေးလိုက်ပါတယ်။ ၃.၂ အတွက် ပြင်ဆင်ထားတဲ့ အမှားပြင်ဆင်ချက်တွေကိုပါ ပေါင်းထည့်ပေးထားပါတယ်။ ၃.၂ လဲ မကြာမှီမှာ ထွက်လာတော့မှာ ဖြစ်ပါတယ်။ အခု RC-3 ကို ရောက်ပါပြီ။ RC-3 ကို မြန်မာဘာသာနဲ့တော့ ထုတ်မပေးသေးပါဘူး နောက်ပိုင်း ဗားရှင်းတွေဆိုရင်တော့ ဘီတာနဲ့ အာစီတွေပါ ထုတ်ပေးနိုင်အောင် ကြိုးစားပါမယ်။ ၃.၂ ထွက်တဲ့အခါ bbPress ဖိုရမ်အတွက် ပါထုတ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ bbPress က ဖိုရမ်တစ်ခုလုပ်ဖို့အတွက် အလွန်လွယ်ကူပါတယ်။ ၃.၂ ထွက်တဲ့အခါ ဧရာ ဝဘ်ကစ်ကို ပိတ်ထားပြီးမှ update လုပ်ကြဖို့ အကြံပြုပါတယ်။ ဧရာ ဝဘ်ကစ်ကို အသစ်ပြင်နေတာ မပြီးသေးတဲ့အတွက် ၃.၂ နဲ့ အဆင်မပြေတာတစ်ချို့ရှိနေပါတယ်။ ၃.၂ ထွက်တဲ့အခါ အသုံးပြုလို့ရမရကို…

    Read Post

  • WordPress ၃.၁.၃

    WordPress ၃.၁.၃ သည် ၃.၁ ၏ နောက်ထပ် လုံခြံရေး ပြင်ဆင်ဖြည့်စွက်ချက်တစ်ခုဖြစ်ပါသည်။ အဓိက လုပ်ဆောင်ချက်များကို ပြောင်းလဲထားခြင်း မရှိပါ။ သင့် ဆိုဒ်ကို ဟက်ကာများမှ ဟက်၍ တစ်ခုခု ပြုလုပ်နေသည်ဟု သံသယ ရှိပါက အမြန်ဆုံး အဆင့်မြှင့်တင်သင့်ပါသည်။ WordPress မြန်မာဘာသာပြန်အဖွဲ့ မှ အချိန်နှင့်တစ်ပြည်းညီ နောက်ဆုံး အဆင့်မြှင့်တင်မှုများကို ရရှိနိုင်ရင် ကြိုးပမ်းဆောင်ရွက်နေပါသည်။ WordPress ၃.၂ ကို နောက်လကုန် တွင် ဖြန့်ချိနိုင်ရန်လည်း WordPress Core Team မှ အထူးကြိုးပမ်းဆောင်ရွက်နေပါသည်။ https://wordpress.org/news/2011/05/wordpress-3-1-3/ တွင် ၃.၁.၃ ထွက်ရှိမှုနှင့် ပတ်သက်သည့် မူရင်း ကြော်ငြာချက်ကို ဖတ်ရှုနိုင်ပါသည်။ ဤဗားရှင်းတွင် ပါဝင်ဆောင်ရွက်သူများ စာရင်းကို https://mya.wordpress.org/wp-admin/credits.php တွင် ကြည့်ရှုနိုင်ပါသည်။

    Read Post

  • ၃.၁.၁ ဖြန့်ချိမှု

    WordPress ၃.၁.၁ ကို ဆက်လက်၍ ဖြန့်ချိန်ပေးလိုက်ပါသည်။ ဗားရှင်း ၃.၁ ၏ လုံခြုံရေးဆိုင်ရာ ဖြည့်စွက်ပြင်ဆင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် ကြိုးစားပေးထားပါသည်။ မူရင်း WordPress ၏ ဗားရှင်း ၃.၁.၁ ဖြန့်ချိမှုကို ကြော်ငြာချိန်မှ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်မူကိုပါ ဗားရှင်း ၃.၁.၁ ကို ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်ပေးထားပါသည်။ ဗားရှင်း ၃.၁ တွင် ပလပ်အင်အချို့နှင့် အဆင်မပြေမှုများရှိပါက အမြန်ဆုံး ၃.၁.၁ သို့ အဆင့်မြှင့်တင်သင့်ပါသည်။ WordPress ၃.၁.၁ ဖြန့်ချိမှု သတင်းကို https://wordpress.org/news/2011/04/wordpress-3-1-1/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

    Read Post

  • WordPress ၃.၁ ဖြန့်ချိခြင်း

    WordPress ၃.၁ ကို တတ်နိုင်သမျှ အပြည့်စုံဆုံးနှင့် အဆင်ပြေဆုံးဖြစ်ရန် ဘာသာပြန်ထားပါသည်။ ဤအဆင့်ထိ အောင်မြင်မှုရရှိနိုင်ရန် အချိန်များစွာပေး၍ ကြိုးစားထားခြင်းဖြစ်ပါသည်။ တစ်ရက်လျှင် အနည်းဆုံး ၁၄ နာရီမှ ၁၈ နာရီထိ ကွန်ပြူတာရှေ့တွင် တစ်နှစ်ခွဲခန့်ထိုင်ပြီး ယခုအခြေနေကို ရရှိရန်ကြိုးစားထားခြင်းဖြစ်၍ ကြိုးစားမှုကို အသိအမှတ်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ လက်ရှိ ဘာသာပြန်မူတွင် အဆင်မပြေမှုများရှိပါက WordPress တရားဝင် ဘာသာပြန်စာမျက်နှာ https://translate.wordpress.org/projects/wordpress/ နှင့် http://my-mm.ayar.co/projects/wordpress/ တို့တွင် ဝင်ရောက် ကူညီဘာသာပြန်ဆိုပေးနိုင်ပါသည်။

    Read Post

  • WordPress ၃.၀

    WordPress ၃.ဝ ကို အတော်များများ ဘာသာပြန်ပြီးပါပြီ။ မကြာမှီမှာ ဤစာမျက်နှာမှာ ရယူနိုင်မှာဖြစ်ပါတယ်။ ၃.၁ အတွက်နဲ့ ၃.၂ အတွက်ကိုလည်း အခုလုပ်နေပါတယ်။ ၃.၁ ကို လည်း မကြာမှီ လွှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ၃.ဝ ကိုတော့ svn မှာတင်ထားပြီးဖြစ်ပါတယ်။ ဒီမှာ ရယူနိုင်ပါတယ်။

    Read Post